Video Sources 6096 Views

  • Watch trailer youtube.com
Memoirs of a Geisha

Memoirs of a Geisha

My world is as forbidden as it is fragile; without its mysteries, it cannot survive.Dec. 06, 2005USA145 Min.PG-13
Your rating: 0
1 1 vote
what going on?

Synopsis

Memoirs of a Geisha (2005) မြန်မာစာတမ်းထိုး
IMDB (7.4)

ဒီတစ်​ခါတင်​ဆက်​​ပေးသွားမယ့်​ဇာတ်​ကားက​တော့ Memoirs of Geisha ဆိုတဲ့ ကား​ကောင်း​လေးတစ်​ခုပဲဖြစ်​ပါတယ်​။ ​ဂေးရှားမယ်​ဆိုတာနဲ့ ဂျပန်​ပြည်​မှ အဆို အက တို့နဲ့​ဖျော​ဖြေ​တင်​ဆက်​​ပေးကြတဲ့မိန်းမပျို​လေး​တွေဖြစ်တယ်​ဆိုတာကိုတန်းသိကြမှာပါ။ ဒါ​ပေမယ့်​ ဒီကားက ​ဂေးရှားအ​ကြောင်းကိုအဓိကထားတင်​ဆက်​ထား​ပေမယ့်​လို့ ဂျပန်​ကရိုက်​ကူးထားမဟုတ်​ပါဘူး.. ​ဟောလီးဝုဒ်​ ဒါရိုက်​တာ Rob Marshall ကရိုက်​ကူးထားပြီး​တော့ တရုတ်​ထိပ်​တန်းမင်းသမီး​တွေဖြစ်​တဲ့ Zhang ziyi, Gong li , နဲ့ Michelle yeoh တို့က ပါဝင်​သရုပ်​​ဆောင်​ပြီး English စကား​ပြောဇာတ်​ကား​ကောင်း​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​။ Rating အ​နေနဲ့​တော့ 7.4 အထိရရှိထားပြီး box office အ​နေနဲ့လည်း 162 millions ရရှိထားတဲ့ကား​လေးပါ..
ဇာတ်​ညွန်းအ​နေနဲ့​ပြောရရင်​.. ချီယို ဆိုတဲ့​ကောင်​မ​လေးဟာဆိုရင်​ ဂျပန်​နိုင်​ငံရဲ့ပင်​လယ်​ကမ်း​ခြေ​ဒေသ ငါးဖမ်းရွာ​လေးမှာ​နေတဲ့သုတစ်​​ယောက်​ပါ။ သူမ ရဲ့အ​မေ​နာတာရှည်​​နေမ​ကောင်းဖြစ်​​နေသူဆုံးပါးသွား​တော့ အ​ဖေဖြစ်​သူဟာ အီချိရို တာနကစံဆီမှာ ချီယိုနဲ့ ချီယိုရဲ့အမဖြစ်​သူ ဆစုတို့ကိုထည့်​​ပေးလိုက်​ပါတယ်​။ တာနကစံက​တော့ ချီယိုရဲ့ မီးခိုး​ရောင်​အရည်​ရွှန်းလက်​တဲ့မျက်​လုံးကို​တွေ့ပြီး ​အိုကီရာဆိုတဲ့​ဂေးရှားအိမ်​မှာ​ရောင်းစားလိုက်​ပါတယ်​။ ဒါ​ပေမယ့်​ ​ဂေးရှားအိမ်​ကအ​မေကြီးက​တော့ ချီယိုတစ်​​ယောက်​တည်းကိုသာ​ရွေးပြီး​တော့ ဆစုကို​တော့မ​ရွေးခဲ့ပါဘူး။ အစ်​မဖြစ်​သူနဲ့ ခွဲရ​ ပြီး ချီယိုတစ်​​ယောက်​ ​အိုကီိရာမှာ​နေရင်း သူမနဲ့ရွယ်​တူ ​ရွှေဖရုံဆိုတဲ့​ကောင်​မ​လေးနဲ့ ရင်းနှီး​နေခဲ့တယ်​။ချီယိုဟာ စည်းကမ်းကြီးပြီး​လောဘတတ်​တဲ့ အ​မေကြီးရယ်​ အိုကီရာ​ဂေးရှားအိမ်​ရဲ့အကျင့်​ပုတ်​တဲ့အလှဆုံး​ဂေးရှားမယ်​ ဟာစုမိုမိုတို့ရဲ့ ​တောက်​တိုမယ်​ရ​တွေလုပ်​ပြီး ​ဂေးရှားလုပ်​ဖို့ ​လေ့ကျင့်​​နေခဲ့ရပါတယ်​။လအနည်းငယ်​ကြာတဲ့အခါမှာ​တော့ ချီယိုဟာ အမဖြစ်​သူကိုရှာ​တွေ့ပြီး ညီအစ်​မ၂​ယောက်​ ဇာတိကိုထွက်​​ပြေးဖို့စီစဉ်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ချီယိုထွက်​​ပြေးမယ့်​ညမှာ အိုကီရာအိမ်​ဟာ တံခါး​တွေအကုန်​ပိတ်​ထားတာ​ကြောင့်​ သူမဟာ ​ခေါင်​မိုး​ပေါ်က​နေတတ်​ပြီးခိုးထွက်​ဖို့လုပ်​ခဲ့​ပေမယ့်​ ပြုတ်​ကျပြီး​တော့ လက်​​ကျိုးသွားခဲ့ပါတယ်​။အိုကီရာက​နေထွက်​​​ပြေးဖို့လုပ်​ခဲ့တာ​​ကြောင့်​ အ​မေကြီးဟာ ချီယိုအတွက်​​ဂေးရှာ​ကျောင်းစရိတ်​ကိုမ​ပေး​တော့ပါဘူး အဲ့အစား ချီယိုကို အိုကီရာမှာ သူမရဲ့အဖိုးအခမ​ကြေမချင်း အ​စေခံလုပ်​ဖို့ဖြစ်​လာခဲ့ပါတယ်​။ ချီယိုဟာ ၂နှစ်​​လောက်​အ​စေခံအဖြစ်​အလုပ်​လုပ်​ပြီးတဲ့​နောက်​မှာ​တော့ သူမဟာ စမ်း​ချောင်း​ဘေးမှာထိုင်​​ငိုနေတုန်း ရုပ်​ရည်​​ချော​မောတဲ့ဥက္ကဌဆိုသူ​ယောကျာင်္း​တစ်​​ယောက်​ဟာ သူမကိုနှစ်​သိမ့်​ခဲ့ပြိး အ​ကြွေ​စေ့အနည်းငယ်​ကို​ပေးခဲ့ပါတယ်​။ အဲ့ဒီ​နေ့ကစပြီး ချီယိုဟာ ဥက္ကဌ​ဘေးမှာလှလှပပ​လေးရပ်​ပြီးတွဲသွားနိုင်​တဲ့​ဂေးရှားမယ်​တစ်​ဦးဖြစ်​ချင်​လာခဲ့ပါတယ်​။ ဥက္ကဌ​ပေးတဲ့အ​ကြွေ​စေ့ဟာ ဆန်​​ဖူဖူလုံလုံဝ​ယ်​နိုင်ဖို့​လောက်​​ပေမယ့်​ ချီယိုဟာ ဘုရား​ကျောင်းဆီ​ပြေးသွားပြီး ​ဂေးရှားတစ်​​ယောက်​ဖြစ်​လာဖို့အတွက်​ပဲဆု​တောင်းပြီးလှူ ခဲ့ပါတယ်​။
ချီယိုရဲ့ဆု​တောင်း​တွေပြည့်​လာတယ်​ပဲ​ပြောရမလား.. အဲ့ဒီ​နောက်​ နှစ်​အနည်းငယ်​ကြာ​တော့ မာမဲ​ဟာဆိုတဲ့​ဂေးရှားတစ်​​ယောက်​ဟာ​ ချီယိုရဲ့ အလှအပကို​အသိအမှတ်​ပြု ပြီး ​ဂေးရှားတစ်​​ယောက်​ဖြစ်​လာ​အောင်​လုပ်​​ပေးဖို့ ​အိုကီရာကို​ရောက်​ရှိလာခဲ့ပါတယ်​။ မာမဲဟာ ဟာချီယိုအတွက်​​ဂေးရှား​ကျောင်းစရိတ်​ကို သူမ​ထောက်​ပံ​ပေးပြီး သူမရဲ့ကျန်​ရှိ​နေ​သေးတဲ့အ​စေခံစရိတ်​​တွေကို​ပေးပြီး ချီယိုကို ​ဂေးရှားတစ်​​ယောက်​ဖြစ်​လာ​အောင်​လို့ ​လေ့ကျင့်​သင်​ကြား​ပေးခဲ့ပါတယ်​.။
အချိန်​၂နှစ်​ကြာ​သင်​ကြားပြီးတဲ့​နောက်​မှာ​တော့ ချီယိုဟာ ​ဂေးရှားတစ်​​ယောက်​ဖြစ်​ဖို့ အရည်​အချင်း​တွေပြည့်​စုံပြီး ပွဲဦးထွက်​ဖို့ဖြစ်​လာပါတယ်​။ ​ဂေးရှားတစ်​​ယောင်​အ​နေနဲ့ ပွဲဦးထွက်​ပြီးတဲ့အခါမှာ​တော့ ချီယိုဟာ မာအီကိုနာမည်​ ဆာယူရီဆိုတဲ့နာမည်​လှလှ​လေးရခဲ့ပါတယ်​။ ချီယို ဂေးရှားဖြစ်​ပြီးတဲ့​နောက်​မှာ​တော့ သူမငယ်​ငယ်​က​တွေ့ခဲ့တဲ့ ဥက္ကဌနဲ့ပြန်​​တွေ့ဖို့အ​ကြောင်းဖန်​လာခဲ့ပါတယ်​။ ဒါ​ပေမယ့်​ မာမဲစာက​တော့ ချီယိုကို ဥက္ကဌ ​ဘေးမှာ​မ​နေခိုင်းပဲ နိုဘူဆိုတဲ့ ​ဂေးရှား​တွေကိုစိတ်​မဝင်​စားတဲ့ သူ​ဌေး​​ဆီမှာသာသွားဖို့​ပြောလာခဲ့ပါတယ်​။ ချီယိုဟာ မာမဲဟာရဲ့စကားကိုမလွန်​ဆန်​နိုင်​ပဲ သူမချစ်​ရတဲ့ ဥက္ကဌ ရဲ့ စီးပွား​ရေးပါတနာ​တွေဖြစ်​တဲ့ နိုဘု​ဘေးနားမှာ​နေရင်း ​ကြေးအမြင့်​ဆုံး​ဂေးရှားမယ်​တစ်​​ယောက်​ဖြစ်​လာဖို့ကြိုးစားလာခဲ့တဲ့အချိန်​​နောက်​မှာ​တော့..
သူမရဲ့​ဂေးရှား​ကြေးအမြင့်​ဆုံးကို ဝယ်​တဲ့သူက ဘယ်​သူဖြစ်​မလဲ..
သူမငယ်​ငယ်​ကတည်းက​နေချစ်​ခဲ့ရတဲ့ ဥက္ကဌနဲ့ ဆုံဆည်းရမလားအ​မေရိကန်​နဲ့စစ်​ဖြစ်ပြီးတဲ့​နောက်​ ​ဂေးရှား​တွေရဲ့ဘဝဟာ ဘယ်​လိ်ုဖြစ်​သွားမလဲဆိုတာကို ဆက်​လက်​ကြည့်​ရှုလိုက်​ပါအုံး​နော်​..

IMDB : 7.4
Genre : Drama /Romance
Quality : Bluray
Run Time : 2h 25min
Size : 1GB /420 MB

Translated by Mayra Lajawn
Reviewed by Mayra Lajawn
Encoded by Ar Ker Lin (14)

Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Original title Memoirs of a Geisha
IMDb Rating 7.4 129,459 votes
TMDb Rating 7.51118 votes

Director

Rob Marshall
Director

Cast

Similar titles

The Old Man & the Gun 2018 (မြန်မာစာတန်းထိုး)
Bad Times at the El Royale 2018 (မြန်မာစာတန်းထိုး)
Lady and Lover (2016)
Cinderella
Woven
Miracle in Cell No. 7
Life Itself
Burning 2018
My Tomorrow, Your Yesterday 2016
Collective Invention
Girl Asleep
Good Will Hunting 1997

Leave a comment

Name *
Add a display name
Email *
Your email address will not be published
Website