One Piece: Movies Collection

One Piece: Movies Collection

Mar. 04, 2000Japan51 Min.TV-PG
Your rating: 0
10 4 votes
what going on?

Synopsis

One Piece Movie Collection Movie 1 to 6,8,11,13,14 and Special Episodes

ကဲ မင်္ဂလာပါ One Piece ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ရေ
ကျွန်တော်တို့ GC ကနေပြီး တင်ဆက်ပေးခဲ့တဲ့ One Piece ရုပ်ရှင်များကို
ဝက်ဆိုဒ် ပြန်လည်ရရှိတာနဲ့ အစကနေ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်
ဒေါင်းပြီး သိမ်းထားချင်တဲ့ သူတွေအတွက်ရော သူငယ်ချင်းအချင်းချင်း
ပြန်လည်မျှဝေမယ့်သူတွေရော ပေးတဲ့အခါ မျက်နှာပန်းလှအောင် Size ကို
အတတ်နိုင်ဆုံးအကြည်ဆုံးနဲ့ သေးနိုင်အောင်လုပ်ပြီး တင်ဆက်ပေးထားပါတယ်
အခုတင်ပေးထားတာတွေကတော့ ဖိုင်ဆိုဒ်အကြီးတွေပါဗျ
ကဲဒီတော့ One Piece ရုပ်ရှင်တွေကို မြန်မာလိုမကြည့်ရသေးသူတွေရော
ပြန်ကြည့်ချင်တဲ့သူတွေရော ကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ပြီနော်
တင်ဆက်ပေးရမှာက ကျွန်တော်တို့တာဝန် ဒေါင်းပြီးကြည့်ရမှာက ပရိတ်သတ်
တွေရဲ့ တာဝန်ပဲနော် ကဲဒီတော့ ဒေါင်းကြည့်လိုက်ကြပါတော့လို့ ပြောကြားရင်း…

One Piece ဆိုရင် မသိသူတွေမရှိလောက်ဘူးလို့ထင်ပါတယ် ဒါပေမယ့်
တချို့ Naruto လောက်ကြည့်ဖူးပြီး အိုသာကု အော်နေကြတဲ့သူတွေလည်း
ရှိပါတယ်(အက်မင်ကတော့ ဘာမှမပြောဖူးနော် ငိငိ) ဒီတော့ကာပြောချင်တာက
ရုပ်ရှင်ထက် စီးရီးက ပိုမိုက်ပါတယ် ဒါပေမယ့် စီးရီးမှာ တချို့မပါတဲ့ စွန့်စားခန်း
လေးတွေကိုတော့ ရုပ်ရှင်မှာမြင်တွေ့နိုင်ပါတယ် ဥပမာ ရုပ်ရှင် ၁.၂.၃.၄.၅.၆.၇.၁၀.၁၁.၁၂.၁၃.၁၄
တို့ဆိုရင် စီးရီးထဲမှာ မပါဝင်တာမို့ ရုပ်ရှင်ကြည့်မှသာ သိနိုင်တာပါ ရုပ်ရှင်ကလည်း
စီးရီးလို အစဉ်လိုက်မဟုတ်ပေမယ့် အစဉ်လိုက်ကြည့်လည်းရပါတယ်
၁.၂.၃.၄.၅.၆. ထိ အစဉ်လိုက်ကြည့်လို့ရပေမယ့် တချို့ကားတွေကတော့ စီးရီးမှာ
နောက်မှပါပေမယ့် ရုပ်ရှင်မှာတော့ အဖွဲ့သားတစ်ချို့က လူဖီတို့အဖွဲ့ထဲရောက်နေပါပြီ
ဒါ့ကြောင့်မို့ အစဉ်လိုက်မကြည့်လည်းရတယ်ပြောတာပါ ရုပ်ရှင်တွေက
တစ်ထိုင်တည်း စွန့်စားခန်းတစ်ခန်း ကြည့်ချင်တဲ့ သူတွေအတွက်ရည်ရွယ်ပြီး
ရိုက်ကူးထားတာပါ စီးရီးလို ဆန့်ငင်ဆန့်ငင် မဖြစ်တော့ဘူးပေါ့ ငိငိ
ုပြီးတော့ တချို့ ဇာတ်ဝင်ခန်းတွေကလည်း ရင်ထဲမှာ စွဲကျန်ခဲ့တာမျိုးတွေ
အသိပညာတစ်ခုခုပေးတာတွေ အလွမ်းအခန်းတွေနဲ့ ဇာတ်အိမ်ကို
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့ ရေးဆွဲထားခဲ့တာပါ တော်တော်ကို
ဥာဏ်ပြေးတဲ့ Oda ပါပဲဗျာ ဇာတ်ကွက်တိုင်းမှာလည်း လှည့်ကွက်တွေ
ပဟေဠိတွေ ရယ်စရာတွေနဲ့ ကြည့်ရှုသူရဲ့ စိတ်ကိုဖမ်းခေါ်သွားနိုင်အောင်
ရေးဆွဲထားတာတွေက တစ်ကယ့်ကို ဆရာတစ်ဆူပါပဲဗျာ
အဲ့တာကြောင့်လည်း ကမ္ဘာမှာ အခုအချိန်ထိ ရောင်းအားအကောင်းဆုံး
နံပါတ် ၁ မန်ဂဖြစ်နေတာပေါ့ဗျာ(အက်မင်အကြိုက်ဆုံး Anime တစ်ခုပေါ့)

နောက်တစ်ခုက Special Episode တွေပါပဲ Special Episode ဆိုတဲ့အတိုင်း
Arc တစ်ခုခြင်းဆီကို ပြန်လည်ခံစားနိုင်အောင် ဇာတ်ကွက်တွေဖန်တီးပြီး
ပြန်လည်ရိုက်ကူးထားတာပါ ဥပမာ Episode of Merry,Episode of Sabo
အဲ့ နှစ်ကားဆို စီးရီးထဲမှာ မပါဝင်တဲ့အခန်းတွေ တော်တော်များများပါဝင်ပါတယ်
အဲ့တာလေးကိုကြည့်ခြင်းအားဖြင့် စီးရီးတွေကို ပြန်ကြည့်စရာမလိုပဲ ဖြတ်ဖြတ်
ကြည့်နိုင်ပါတယ် နောက်ပြီး ဟိုတလောကမှ ထွက်ခဲ့တဲ့ SkyIsland Arc
ဆိုရင်လည်း အရေးကြီးတဲ့ ဇာတ်ကွက်တွေနဲ့ Arc တစ်ခုလုံးကို နားလည်လွယ်အောင်
ပြန်လည်ဖန်တီးပြီး တင်ဆက်ပေးခဲ့တာပါ အဲ့အရှေ့က Episode of East Blue
ဆိုရင်လည်း မန်ဂ နှစ် ၂၀ ပြည့်တဲ့အနေနဲ့ ပထမဆုံး ကောက်ရိုးဦးထုပ်အဖွဲ့ဝင်
ငါးဦးအကြောင်းကို ပြန်လည်တင်ဆက်ပေးထားတာပါ ရှေ့ဆက်ပြီးတော့လည်း
ဘာသာပြန်သွားအုံးမှာမို့ ဆက်လက်အားပေးကြပါအုံးလို့စ်

ကဲ ကျွန်တော်လည်းတော်တော်လေရှည်သွားပြီ ဒီတော့ကာ
ကိုယ့်ဘာကိုယ်ပဲ ဒေါင်းကြည့်လိုက်ကြပါတော့လို့စ်……..
Like and Share လေးနဲ့အဖက်လုပ်သွားပါနော် ကိုရီးယားဖန်နဲ့
One Piece ဖန်တွေ ဘယ်သူပိုများလဲ ကြည့်မယ် ငိငိ
(ရန်တိုက်ပေးလိုက်ပြီ ကျန်တာ ကွကိုယ်ကြည့်ရှင်းကြတော့ XD
အက်မင်ဘက်တော့ လှည့်မလာပါနဲ့နော် ငိငိ)

Review and Translated by Morningstar Nainglin
Encoded by Morningstar Nainglin

One Piece: Movies Collection
One Piece: Movies Collection
One Piece: Movies Collection
Original title ワンピース
IMDb Rating 6.8 1,245 votes
TMDb Rating 762 votes

Director

Cast

Kenji Utsumi isEl Drago
El Drago
Mayumi Tanaka isMonkey D. Luffy
Monkey D. Luffy
Kazuya Nakai isRoronoa Zoro
Roronoa Zoro

Similar titles

IO
Crayon Shin-chan: Burst Serving! Kung Fu Boys ~Ramen Rebellion~
Cowboys & Aliens
The Seven Deadly Sins: Prisoners of the Sky 2018 (မြန်မာစာတန်းထိုး)
The Grinch 2018
Aquaman
Valerian and the City of a Thousand Planets
East Dragon (2018 )
Reign of the Supermen 2019 (မြန်မာစာတန်းထိုး)
The Girl in the Spider’s Web
The Legend of Zorro
The Secret Life of Pets

(4) comments

  • kokoDecember 24, 2018Reply

    ep 7 missing

  • ဘိုဘိုJanuary 21, 2019Reply

    open load က google drive ဖြစ်နေတယ်ဟ။
    real open load နှင့်တင်ပေးပါ။

    • gcmoviesJanuary 27, 2019Reply

      အကုန် gdrive နဲု့ပါပဲ openload က ပျက်လွယ်လို့ပါ

  • Kaung HtetFebruary 2, 2019Reply

    can’t download movie 8

Leave a comment

Name *
Add a display name
Email *
Your email address will not be published
Website