Confession of Murder

Confession of Murder

Nov. 08, 2012South Korea119 Min.Not Rated
Your rating: 0
10 1 vote
what going on?

Synopsis

Confession of Murder (2012) မြန်မာစာတမ်းထိုး

ကျွန်တော်ဟာလူသတ်သမားတစ်ယောက်ဖြစ်တယ် ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားကာ ပြန်လည်ရိုက်ကူးအသက်သွင်းခဲ့သောရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်

ဒီရုပ်ရှင်ကိုကြည့်ခြင်းအားဖြင့် အပြင်မှာဖြစ်ပျက်လေ့ရှိကြတဲ့ တရားခံမပေါ်လာတဲ့လူသတ်မှုတွေဟာ ဒီရုပ်ရှင်ထဲမှာတော့ အားရကျေနပ်စွာ ပြစ်ဒဏ်ချမှတ်ခံရတာတွေ ဥပဒေစိုးမိုးမှုရှိတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်

အမျိုးသမီး၁၁ယောက်ကိုရက်စက်စွာသတ်ဖြတ်ခဲ့တဲ့လူသတ်သမားကို ဖမ်းမိရန်လက်တစ်ကမ်းအလိုမှာ လွတ်မြောက်သွားခဲ့ပြီး ၁၅ နှစ်ကြာအစရှာမရအောင်ကိုပျောက်ဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့ထိုလူသတ်သမားကိုအပြစ်ဒဏ်ချမှတ်ရန်ပြစ်မှုသက်တမ်းမှာကုန်ဆုံးသွားပြီး အမှုပိတ်လိုက်ရတဲ့အခြေအနေကိုရောက်ရှိလာပါတော့တယ် ကဲဇာတ်လမ်းကတော့ဒီမှာစတင်ပါပြီခင်ဗျ

ာ အမျိုးသမီး ၁၁ ယောက် ရက်စက်စွာအသတ်ခံရမှုအတွက် တရားခံကိုမဖမ်းမိနိုင်ခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများစွာ နောင်တများစွာနဲ့နေထိုင်နေသူစုံထောက်ချွဲ ပိုဆိုးတာက အသတ်ခံရသူတွေထဲ မိမိ၏ချစ်သူမှာနောက်ဆုံးအသတ်ခံခဲ့ရတဲ့သူဖြစ်ကာ အလောင်းကိုပင်ရှာမတွေ့နိုင်ခဲ့ ဒီလိုအဖြစ်တွေကြောင့်ယူကြုံးမရဖြစ်ကာ တရားခံကို ရေဆုံးမြေဆုံး ရှာဖွေနေသူဖြစ်တယ်

သူ့ရဲ့ချစ်ရတဲ့သူမြှပ်နှံခံထားတဲ့နေရာကိုသိချင်နေပြီး လူသတ်သမားကို သတ်ပြစ်ချင်နေသူလည်းဖြစ်တယ် တစ်ဖက်မှာလည်း သမီးဖြစ်သူအသတ်ခံရတဲ့အတွက် မိခင်အိုကြီးမှာ လူသတ်သမားကို တိတ်တဆိတ်ရှာဖွေနေခဲ့ပါတယ်

ဒီလိုအချိန်မှာအချိန်ကာလအားဖြင့် ၁၇ နှစ်ကြာသွားပြီးဖြစ်တဲ့အတွက် ပြစ်မှုသက်တမ်းကုန်ဆုံးပြီး ၂ နှစ်အကြာတွင် လီဒူဆော့ ဆိုတဲ့ ရုပ်ရည်ချောမောတဲ့ စာရေးဆရာတစ်ယောက်ပေါ်လာပြီး ကျွန်တော်ဟာလူသတ်သမားတစ်ယောက်ဖြစ်တယ် ဆိုတဲ့စာအုပ်ကို ရေးသားထုတ်ဝေလိုက်ပါတော့တယ် ဒါတင်မကသေးပါ စာအုပ်ပါအကြောင်းအရာများကလည်း အမျိုးသမီး ၁၁ ဦး အနက် ၁၀ ဦး အသတ်ခံခဲ့ရပုံတွေကို လူသတ်သမားတစ်ယောက်အနေနဲ့ အသေးစိတ်ရေးသားဖော်ပြကာ သူဟာထိုကွင်းဆက်လူသတ်မှုကြီးရဲ့ တရားခံဖြစ်ပါတယ်လို့ဝန်ခံလိုက်ပြီး သူ့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးပါရန်တောင်းပန်လိုက်ပါတော့တယ်

နိုင်ငံအတွင်းလူတော်တော်များများရဲ့စိတ်ဝင်စားမှုကိုရရှိပြီး လူသတ်သမားဟာ သူရဲ့ချောမောလှတဲ့ရုပ်ရည်ကြောင့်အနုပညာရှင်တွေကဲ့သို့ နာမည်ကျော်ကြားကာ ဝန်းရံတဲ့ပရိသတ်တွေပါပေါ်လာပြီး စာအုပ်ရောင်းရငွေကြောင့် နေ့ချင်းညချင်း ချမ်းသာသွားပါတော့တယ် လူသတ်သမားဖြစ်သူကို အသည်းအသန်လိုက်လံဖမ်းဆီးချင်နေတဲ့စုံထောက်ချွဲကလည်းကြိတ်မနိုင်ခဲမရတွေဖြစ်လာပါတော့တယ်

တရားခံကို တိတ်တဆိတ်ရှာဖွေနေတဲ့ မိခင်အိုကြီးနှင့်အတူ နစ်နာသူမိသားစုတွေဟာ လီဒူဆော့ကိုဘယ်လိုလက်တုန့်ပြန်ကြမလဲဆိုတာ အရမ်းကိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ပြည့်စုံလှတဲ့ ဒီ action thriller ရုပ်ရှင်ကားထဲမှာ ရင်ခုန်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာ

Translated by Don

Reviewed by Don

Encoded by Ar Ker Lin (14)

IMDB > 7.1

Genre > Action / Thriller

Quality >Blu Ray

Run Time >1H 59min

Size > 870MB / 360MB

Confession of Murder
Confession of Murder
Confession of Murder
Confession of Murder
Confession of Murder
Confession of Murder
Confession of Murder
Original title 내가 살인범이다
IMDb Rating 7.1 7,176 votes
TMDb Rating 7.3 89 votes

Director

Cast

Jung Jae-young isDet. Choi Hyung-Goo
Det. Choi Hyung-Goo
Park Si-hoo isLee Doo-Suk
Lee Doo-Suk
Kim Young-ae isHan Ji-Soo
Han Ji-Soo
Choi Won-young isJung Tae-Suk
Jung Tae-Suk
Kim Jong-goo isSnake hunter
Snake hunter
Jang Gwang isDirector
Director
Jo Eun-ji isChoi Kang-Sook
Choi Kang-Sook
Oh Yong isKang Do-Hyeok
Kang Do-Hyeok
Park Woong isDirector Kim
Director Kim

Similar titles

Eastern Promises (2007)
The Lives of Others
Fast & Furious Presents: Hobbs & Shaw (2019)
Avengers: Endgame (2019)
Saw III (2006) မြန်မာစာတန်းထိုး
Batman: Hush
Project Gutenberg
Long Lost 18+
The Bourne Supremacy
6 Below: Miracle on the Mountain (2017) မြန်မာစာတန်းထိုး
Robin Hood
American Assassin (2017) မြန်မာစာတန်းထိုး

Leave a comment

Name *
Add a display name
Email *
Your email address will not be published
Website